Pages

Monday, 15 October 2012

ဓမ္မကဗျာ လင်္ကာများ

ဓမ္မကဗျာ လင်္ကာများ

ကလေးငယ်များရွတ်ဖတ်ရန်လည်းလွယ်သည့် ဆုံးမစာ ဓမ္မကဗျာလေးများဖြစ်ပါသည်။ မှတ်သားဖွယ်ကောင်းလှပါသည်။
ငယ်ရွယ်သူများ (သို့မဟုတ်) ဘာသာရေးနှင့် ရင်းနှီးကျွမ်းဝင်မှုနဲသေးသူများအဖို့ စာပေအကြီးစားမျိုးတွေ စဖတ်ရတာထက် ရွတ်ဖတ်ရအဆင်ပြေပြီး မှတ်ရလွယ်သည့် ဓမ္မကဗျာလေးများနှင့် ကနဦး အစပြုခြင်းက ပို၍ထိရောက်ပါသည်။

ဆုံးမစာ

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊
ဘုရားတိုင်းသာ၊ ဟောခဲ့တာ၊ သုံးဖြာ ဤစကား၊
ခုလည်းချမ်းသာ၊ နောင်ချမ်းသာ၊ ကျင့်ပါ ဤတရား။

သဗ္ဗညုတဉာဏ်တော်ဧ။်အစွမ်းသုံးပါး။

(၁)သိရန်မှန်က၊မကျန်ရအောင်၊
လုံးဝစုံလင်၊အကုန်မြင်၊
သဗ္ဗဉာဏ်တော်အစွမ်းတည်း။
(၂)သိသည့်တရား၊များအပြား၌၊
ဟောထားစဖွယ်၊နည်းသွယ်သွယ်ကို၊
ချယ်လှယ်စုံလင်၊အကုန်မြင်
သဗ္ဗဉာဏ်တော်အစွမ်းတည်း။
(၃)ကျွတ်ထိုက်ကြပေ၊များဝေနေတို့၊
ဣနြေ္ဒစရိုက်၊သူ့အကြိုက်ကို၊
နှိုက်ချွတ်စုံလင်၊အကုန်မြင်
သဗ္ဗဉာဏ်တော်အစွမ်းတည်း။

ကံသာလျှင်အမိ၊ကံသာလျှင်အဖ။

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ 
    မသတ် အသက်ရှည်။

၂။ ညှဉ်းဆဲသူကား၊ အနာများ၊     
    သနား ကျန်းမာသည်။

၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ 
    သည်းခံ လှပသည်။

၎။ မနာလိုမှာ၊ ခြွေရံကွာ၊
    ကြည်သာ ခြွေရံစည်။

၅။ မပေးလှူက၊ မွဲပြာကျ၊ 
    လှူမှ ပေါကြွယ်သည်။

၆။ မရိုမသေ၊ မျိုးယုတ်ချေ၊
    ရိုသေ မျိုးမြတ်သည်။

၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊
    စုံစမ်း ဥာဏ်ကြီးသည်။

၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ 
    ကောင်းမှ ကောင်းစားသည်။

၉။ ဆိုးကောင်းနှစ်တန်၊ကံစီမံ၊ 
    ခံ စံကြရသည်။

စည်းစိမ်ပျက်ခြင်းအကြောင်း(၆)ပါး။

သေစာသောက်စား၊ 
လမ်းသွားခါမဲ့၊ 
ရှုငဲ့သဘင်၊ 
ပျော်ရွှင်အံလောင်း၊
မကောင်းမိတ်ဖျင်း၊ 
ပျင်းရိခြင်းကား၊
ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။

သာသနာထွန်းကားခိုက်တွင်

(စလေဦးပုည)
ယခုခါမူ၊လူလည်းဖြစ်လာ
သာသနာထွန်းခိုက်၊အမြိုက်တရား
ဟောကြားမည့်သူ၊လူလည်းမရှား
သို့ပါလျှက်သားနှင့်မူ။ ။
အမိုက်တကာ့ဗိုလ်မင်း၊
အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊မြစ်နဒီတွင်၊
ပလုံစီမြုပ်လို့လူယုတ်ကြီးတွေဖြစ်ချိမ့်မည်။ ။

3 comments:

  1. ကိုကောင်းမြတ်မင်းရေ
    ဓမ္မကဗျာ အောင်ခြင်းရှစ်ပါးကဗျာ ၃၈ဖြာမင်္ဂလာကဗျာ သူငယ်ကောင်းဖြစ်ရေလမ်းညွှန် များကူးယူသွားပါသည်


    ကျေးဇူးတင်ပါသည်ခင်ဗျာ

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်အကို copy လုပ်၍ share ခွင့်ပြုပါ
    သာဓု သာဓု သာဓု

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်
    ဆရာလေး copy လုပ်၍ share ခွင့်ပြုပါ
    သာဓု သာဓု သာဓုပါ

    ReplyDelete

ဗုဒ္ဓအဆုံးအမကိုလိုက်နားကျင့်သုံးနိုင်ပါစေ.....