Pages

ဗုဒ္ဓအဆုံးအမ

မကောင်းမူရှောင်ကောင်းမူဆောင်
ဖြူအောင်စိတ်ကိုထား

Monday, 15 October 2012

ဓမ္မကဗျာ လင်္ကာများ

ဓမ္မကဗျာ လင်္ကာများ

ကလေးငယ်များရွတ်ဖတ်ရန်လည်းလွယ်သည့် ဆုံးမစာ ဓမ္မကဗျာလေးများဖြစ်ပါသည်။ မှတ်သားဖွယ်ကောင်းလှပါသည်။
ငယ်ရွယ်သူများ (သို့မဟုတ်) ဘာသာရေးနှင့် ရင်းနှီးကျွမ်းဝင်မှုနဲသေးသူများအဖို့ စာပေအကြီးစားမျိုးတွေ စဖတ်ရတာထက် ရွတ်ဖတ်ရအဆင်ပြေပြီး မှတ်ရလွယ်သည့် ဓမ္မကဗျာလေးများနှင့် ကနဦး အစပြုခြင်းက ပို၍ထိရောက်ပါသည်။

ဆုံးမစာ

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊
ဘုရားတိုင်းသာ၊ ဟောခဲ့တာ၊ သုံးဖြာ ဤစကား၊
ခုလည်းချမ်းသာ၊ နောင်ချမ်းသာ၊ ကျင့်ပါ ဤတရား။

သဗ္ဗညုတဉာဏ်တော်ဧ။်အစွမ်းသုံးပါး။

သူငယ်ကောင်းဖြစ်ရေးလမ်းညွှန်

သူငယ်ကောင်းဖြစ်ရေးလမ်းညွှန်

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားအပ်သော သူငယ်ကောင်းဖြစ်ရေးလမ်းညွှန် ခေါ် သုကုမာရမဂ္ဂဒီပနီ နှင့် လယ်တီမင်္ဂလသုတ္တန်၊ သုံးလူ့ရှင်ပင်ဗုဒ္ဓ၀င်လင်္ကာ ၃ကျမ်းတွဲ စာအုပ်မှ  ဆရာတော်ကြီး၏ ရည်ရွယ်ချက်အတိုင်း လူငယ်များ လူကောင်းလူတော်ဖြစ်ရန်အတွက် စာချစ်သူ ဗုဒ္ဓဘာသာသွေးများအတွက် ကူးယူဖော်ပြပြီး ကိုယ်ပိုင်စာမျက်နှာတွင် မှတ်တမ်းတင်ထားအပ်ပါသည်။



ကျးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ ဒီလစ် ခေါ် စာပေပါရဂူ ဘွဲ့တံဆိပ်တော်ရ ပထမ လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းချုပ် ကို ဖတ်ရှုကြည်ညိုလိုပါက ဤနေရာ တွင် ကြည့်ရှုနိုင်ပါသည်။

သုကုမာရမဂ္ဂဒီပနီ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သိင်္ဂါလောဝါဒသုတ် နိဒါန်း

လူသုံးပါးတို့၏ ပတ္တမြားမကိုဋ် အမြိုက်ဥသျှောင် မင်းခေါင်မင်းဖျား မင်းတရားကြီးဖြစ်တော်မူသော အစိန္တေယျ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် တစ်ရံရောအခါ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ကိန်းအောင်း စမ္ပာယ်တော်မူသတည်း။
ထိုအခါ သိင်္ဂါလ အမည်ရှိသော သူကြွယ်သားသည် နံနက်စောစောထလျက် ရာဇဂြိုလ်မြို့တွင်းမှ ထွက်၍ စိုစွတ်သော အ၀တ်၊ စိုစွတ်သော ဦးဆံ၊ မြှောက်ချီသော လက်အုပ်ရှိသည်ဖြစ်၍ အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ အောက်အရပ်၊ အထက်အရပ် တည်းဟူသော အရပ်ဒိသာ ၆မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးလျက်နေလေ၏။
မြတ်စွာဘုရားသည် နံနက်အခါ၌ ရာဇဂြိုလ်ပြည်သို့ ဆွမ်းခံဝင်အံ့သောငှာ ဝေဠုဝန်ကျောင်းတော်မှထွက်၍ ရွှေစက်နှစ်လီကြွချီတော်မူလတ်သော် အရပ်ဒိသာ ၆ မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုး၍ နေလေသော သူကြွယ်သားကို ဤသို့ မိန့်တော်မူ၏။

လယ်တီ ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်းချုပ်

ပထမ လယ်တီ ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်းချုပ်

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ရက်၊ အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့သည်။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံး ဖြစ်သည်။ ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ အသက် ၁၅ နှစ်အရွယ်၌ ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ ရှင်ဉာဏဓဇ ဖြစ်သည်။ ဆရာတော်လောင်းလျာသည် စာကြည့်ဝါသနာပါ၍ သာမဏေဘ၀ကပင် ရတုကဗျာနှင့် ကျမ်းစာများ ရေးသားပြုစုခဲ့ပေသည်။
သက္ကရာဇ် ၁၂၂၈ ခု၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်၇ွာ ကျောင်းမကျောင်း ခဏ္ဍသိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ထို့နောက် မန္တလေး ရတနာပုံနေပြည်တော် စံကျောင်းတိုက်၌ သီတင်းသုံး၍ ၀ိနည်း ပါဠိတော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃ကျမ်းကို သင်ယူတော်မူသည်။

(၃၈)ဖြာမင်္ဂလာတရားတော် ကဗျာများ။

(၃၈)ဖြာမင်္ဂလာတရားတော် ကဗျာများ။


၁။ လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့်၊ ကင်းအောင်နေ။
ပညာရှိကို၊ အရှည်တွဲလို့၊ မှီဝဲဆည်းကပ်၊ နည်းယူစေ။
သုံးပါးရတနာ၊ မိဘများနှင့်၊ ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။
၂။ ကုသိုလ်ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသ၊ အမြဲနေ။
ရှေးကတင်ကူး၊ ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး၊ ရှိပါစေ။
မိမိကိုယ်ကို၊ ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနှင့်၊ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး၊ မျှော်တွေးသုံးချက်ပေ။
အဲဒါမှ(ဗုဒ္ဓ၀ါဒ)ကမ္ဘာ့မင်္ဂလာတွေ။

အောင်ခြင်းရှစ်ပါး ကဗျာများ။

အောင်ခြင်းရှစ်ပါး ကဗျာများ။


၁။ ခြောက်ဘုံပိုင်ငြား မာရ်နတ်သားမှာ၊
တစ်ထောင်လက်ရုံး သူ့ဘုန်းဖန်ကာ။
နတ်စစ်သည်ပေါင်း ထောင်သောင်းနှင့်သာ၊
ပလ္လင်တွက် စစ်ဖက်ပြိုင်လုလာ။
မြတ်ဘုရားက ဒါနညွှန်ရာ၊
မြေ လေခြိမ့်အုံး ထစ်ချုန်းလာကာ။
ကြောက်လန့်မာရ်ယုတ် နောက်ဆုတ်ပြေးခွာ၊
အခေါင်နင်း အောင်ခြင်း ပထမ မင်္ဂလာ။
၂။ မာရ်နတ်သားထက် ဆထက်လွန်ကာ၊
အာဠာဝက ကြမ်းလှမှန်စွာ။
ညဥ့်သုံးယံလုံး ပစ်မှုန်းလေကာ၊
လက်နက်စွဲ ပြိုင်ပွဲသူပြုလာ။
သည်းခံစိတ်သုံး ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရားက ဆုံးမလေရာ။
ထံတော်ပါးသို့ ၀တ်တွားဝင်လာ၊
အခေါင်နင်း အောင်ခြင်း ဒုတိယ မင်္ဂလာ။

လူဆိုသည်မှာ

လူ

“လူ”ဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် လူ မည်၏။” ဟု ဖွင့်ဆို ရှင်းပြထားသည်။ အခြားဘုံသားများထက် ကုသိုလ်၊ အကုသိုလ်အရာတို့၌ ထက်မြက် ရဲရင့်၊ ခိုင်မြဲသော သတိရှိကြပြီး ဆန်းကြယ်သော စိတ်နှလုံးရှိသူကို “မနုဿ” (လူ)ဟုခေါ်သည်။

တစ်နည်း - ကမ္ဘာဦးက သမ္မတမင်းသည် “မနု” မည်၏။ ထို မနုမင်း၏ အဆုံးအမ၌ တည်ကြသဖြင့် မနုမင်း၏ သားသမီးများသဖွယ် ဖြစ်ရကာ “မနုဿ”ဟု အမည်ရသည်။

တလူလူမြင့်မားတက်ကြွနေသော အဓိပ္ပာယ်

ကျွန်းကြီးလေးကျွန်း

ကျွန်းကြီးလေးကျွန်း

ကျွန်းကြီးလေးကျွန်း 

ကျွန်းကြီးလေးကျွန်း နှင့် ကျွန်းငယ်နှစ်ထောင်

လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။ ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။

ကျွန်းကြီး လေးကျွန်း

  1.     ပုဗ္ဗ၀ိဒေဟ = အရှေ့ကျွန်း
  2.     အပရဂေါယာန = အနောက်ကျွန်း
  3.     ဥတ္တရကုရု = မြောက်ကျွန်း
  4.     ဇမ္ဗုဒီပ = တောင်ကျွန်း

ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာပါဠိတော်

ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာပါဠိတော်

[ နမောတဿ ဘဂဝ တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ။]
၃ကြိမ်ရွတ်ဆိုပါ။

ဓမ္မစကြာပါဠိ

ဓမ္မ စကြာ အမွှမ်း

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ ၊
ဣသိပတန နာမကေ ၊
မိဂဒါယေ ဓမ္မဝရံ ၊
ယံ တံ နိဗ္ဗာန ပါပကံ ။

(ခ)သဟမ္ပတိ နာမကေန၊
မဟာဗြဟ္မေန ယာစိတော ၊
စတုသစ္စံ ပကာသေန္တော ၊
လောကနာထော အဒေသယိ ။

ပရိတ်ကြီး ၁၁ သုတ် ပရိတ်ရွတ်ရန် အညွန်း

ပရိတ်ကြီး ၁၁ သုတ်

ပရိတ်ရွတ်ရန် အညွန်း

အလှူဒါနပြုသည့်အခါ၊ အိမ်တက်မင်္ဂလာပြုသည့်အခါ စသည့်အချိန်များတွင် မင်္ဂလသုတ် နှင့် မေတ္တသုတ်ကို ရွတ်ဆိုပါ။

ရောဂါဘယဖြစ်သည့်အခါ၊ မကျန်းမမာဖြစ်သည့်အခါ ကပ်ဆိုး ဥပဒ်ဆိုးဖြစ်သည့်အခါများတွင် ရတနသုတ်ကို ရွတ်ဆိုပါ။

နတ်၊ အစိမ်း၊ သရဲများ ခြောက်လှန့်သည့်အခါ ဘေးရန်များသည့်အခါများတွင် မေတ္တသုတ်ကို ရွတ်ဆိုပါ။

ခန္ဓသုတ်

ခန္ဓသုတ်

ခန္ဓသုတ် (ပါဠိ)

၁။
သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။


၂။
အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ဓဇဂ္ဂသုတ်

ဓဇဂ္ဂသုတ်

ဓဇဂ္ဂသုတ် (ပါဠိ)

၁။ ယဿာ နုဿရဏေနာပိ၊
အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌ မဓိဂစ္ဆန္တိ၊
ဘူမိယံ ၀ိယ သဗ္ဗထာ၊

၂။ သဗ္ဗုပဒ္ဒ၀ဇာလမှာ၊
ယက္ခစောရာဒိ သမ္ဘ၀ါ။
ဂဏာနာ န စ မုတ္တာနံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ် (ပါဠိ)

၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိန သ မေန္တု။


၂။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ၀ိနာ သ မေန္တု။


မင်္ဂလသုတ်

မင်္ဂလသုတ်

မင်္ဂလသုတ် (ပါဠိ)

၁။ယံ မင်္ဂလံ ဒွါဒသဟိ၊
စိန္တယိံ သု သဒေ၀ကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
အဋ္ဌတိံသဉ္စ မင်္ဂလံ။

၂။ဒေသိတံ ဒေ၀ဒေဝေန၊
သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ဘဏာမ ဟေ။

ရတနသုတ် (ပါဠိ)

ရတနသုတ်

ရတနသုတ် (ပါဠိ)

၁။
ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တ ပါရမိယောတိ၊
သမတိံ္တ သ ပါရမိယော၊ ပဉ္စ မဟာပရိစ္စာဂေ၊
လောကတ္ထ စရိယံ ဉာတတ္ထ စရိယံ၊ ဗုဒ္ဓတ္ထ စရိယန္တိ
တိေဿာ စရိယာယော၊ ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိ နိက္ခမနံ၊ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ
မာရ၀ိဇယံ၊ သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
ဓမ္မစက္ကပ္ပ၀တ္တနံ၊ န၀ လောကုတ္တရဓမ္မေတိ၊
သဗ္ဗပိမေ ဗုဒ္ဓဂုဏေ၊ အာဝဇ္ဇေတွာ
ဝေသာလိယာ တီသု ပါကာရန္တ ရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
အာယသ္မာ အာနန္ဒတ္ထေရော ၀ိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ

အင်္ဂုလိမာလသုတ် (ပါဠိ)

အင်္ဂုလိမာလသုတ် (ပါဠိ)

၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာန ဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
၂။သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

အာဋာနာဋိယသုတ် (ပါဠိ)

အာဋာနာဋိယသုတ် (ပါဠိ)

၁။ အပ္ပသန္နေသိ နာထဿ၊
သာသနေ သာဓုသမ္မတေ။
အမနုေဿဟိ စဏ္ဍေဟိ၊
သဒါ ကိဗ္ဗိသ ကာရိဘိ။

၂။ ပရိသာနံ စတဿန္န၊
အဟိံ သာယ စ ဂုတ္တိယာ။
ယံ ဒေသေသိ မဟာဝီရော၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ၀ိပဿိဿ စ နမတ္ထု၊
စက္ခုမန္တဿ သိရီမတော။
သိခိဿပိ စ နမတ္ထု၊
သဗ္ဗဘူတာ နုကမ္ပိနော။

ဗောဇ္ဈင်္ဂသုတ် (ပါဠိ)

ဗောဇ္ဈင်္ဂသုတ် (ပါဠိ)

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၃။ ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

မေတ္တသုတ် (ပါဠိ)

မေတ္တသုတ် (ပါဠိ)

၁။    ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
       ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။    သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
       ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။    ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
       သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။

မောရသုတ် (ပါဠိ)

မောရသုတ်

မောရသုတ် (ပါဠိ)
၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ၀နေစရာ။

၂။စိရဿံ ၀ါယမန္တာပိ၊
နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

ဝဋသုတ် (့ပါဠိ)

ဝဋသုတ် (့ပါဠိ)

၁။
ပုရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ္တံ ၀ိဝဇ္ဇယိ။

၂။ ထေရဿ သာရိပုတ္တဿ၊
လောကနာထေနိ ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း

၁။ မေတ္တာဖြင့် နိုးထခြင်း

အရုဏ်ဦးအချိန်ကာလကား နေ့တစ်နေ့၏ အစဖြစ်၏။ ထိုအချိန်ကာလတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။
သတ္တ၀ါမှန်သမျှ ကိုယ်စိတ်နှဖြာ ချမ်းသာကြပါစေ ဟု မေတ္တာပို့ခြင်းသည် အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။ လောကကို မေတ္တာဖြင့် ရှုမြင်ခြင်း၊ အကောင်းမြင် အမြင်ဖြင့် စတင်နိုးထခြင်းဖြစ်၏။ ဘာသာတ၇ားကိုထိန်းသိမ်း၍ သူတော်ကောင်းဘ၀ဖြင့် တစ်နေ့တာ ဆက်လက်ရပ်တည်ခြင်းလည်း မည်၏။ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း စသော မင်္ဂလာတရားနှင့်လည်း ညီ၏။ (၀ါ) မင်္ဂလာရှိပေ၏။
ရှေးဗုဒ္ဓဘာသာဝင်တို့သည် အရုဏ်ဦးနိုးထစ ကာလမှာ ဘုရားဝတ်ပြုခြင်း၊ မေတ္တာပို့သခြင်း၊ ကုသိုလ်အမျှကို ပေးဝေခြင်းဖြင့် ကြေးစည်သံတဝေေ၀ လွင့်ပျံ့အောင် ရိုက်ခတ်လေ့ရှိကြသည်။ ကြေးစည်သံသည် ဘာသာတရားကိုင်းရှိုင်းမှု၏ သင်္ကေတ၊ သူတော်ကောင်း၏ သဘာဝ၊ မြန်မာ့ယဉ်ကျေးမှု၏ အလှအပတစ်ခုဖြစ်၏။ ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသင့်ပေသည်။

၂။ ရတနာသုံးပါးအား ရှိခိုးခြင်း

ရတနာသုံးပါးကို ရှိခိုးသည့်အခါ ထိခြင်းငါးပါး ဖြင့် ရှိခိုးရ၏။" ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးကြမ်းမှာတည် " ဟူသည်နှင့်အညီ ခြေဖျား၊ လက်ဖ၀ါး၊ နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ကြမ်းပြင်ကို ထိပြီး ဤထိခြင်း (တည်ခြင်း) ငါးပါးဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်ကို ရည်မှန်း၍
  • ဗုဒ္ဓံ ပူဇေမိ (မြတ်စွာဘုရားကို ပူဇော်ပါ၏)
  • ဓမ္မံ ပူဇေမိ (တရားတော်မြတ်ကို ပူဇော်ပါ၏)
  • သံဃံ ပူဇေမိ (သံဃာတော်မြတ်ကို ပူဇော်ပါ၏)

၂၄ ပစ္စည်း ပဋ္ဌာန်း

ဟေတုပစ္စယော

ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏ အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊ အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။

အာရမ္မနပစ္စယော

ကြိုးလွန်၊ တောင်ဝှေး အစရှိသည် သည် မစွမ်းနိုင်သူလူအပေါင်းအား ဆွဲရာ၊ ထောက်ရာ အားဖြင့် ကျေးဇူးပြုသကဲ့သို့ ရူပါရုံအစရှိသော အာရုံခြောက်ပါး ပစ္စည်းတရားတို့၏ လေးပါးသော နာမက္ခန္ဓာတို့အား ဆွဲရာ၊ ထောက်ရာ၊ အာရုံပြုရာအားဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရမ္မနပစ္စည်း။

အဓိပတိပစ္စယော

လေးကျွန်းသနင်း သကြားမင်းသည်၊ စက်တွင်းအာဏာ၊ ပိုင်ထိုက်ရာဟူ၊ ခပ်သိမ်းလူကို၊ ပြိုင်သူဝေးကွာ၊ အာဏာလွှမ်းမိုး၊ အစိုးရခြင်းဖြစ်သကဲ့သို့၊ အလေးအမြတ်ပြုစေအပ်သည်၊ ခြောက်ရပ်အာရုံ၊ လေးစုံသော ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ တို့၏ မိမိဆိုင်ရာ၊ နာမ်ခန္ဓာနှင့်၊ သဟဇာတ်မှန်၊ နာမ်ရုပ်များစွာ၊ ငါးခန္ဓာကို၊ အာဏာလွှမ်းမိုး၊ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသည့် အဓိပတိပစ္စည်း။

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

မြန်မာနိုင်ငံတွင် သြကာသအစချီသော ကန်တော့ခန်းသည် ပုဂံခေတ် ရှင်အရဟံမထေရ်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ သြကာသ ကန်တော့ခန်းမှာ မူကွဲအမျိုးမျိုးရှိလေသည်။ အများစုလက်ခံထားသည့် ကန်တော့ခန်း နှင့် ရှင်းလင်းချက်ကို ဖော်ပြပေးပါမည်။
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
 (သြကာသ ကန်တော့ခန်းရှင်းလင်းချက်)
 သြကာသ    ။    ။     အခွင့်၊ ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့် ပြုတော်မူပါ။ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သြကာသ ကို သုံးကြိမ် ရွတ်ဆိုကြရသည်။)

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား (ဓမ္မဒူတ အရှင်ပညာဇောတ)‏ "ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ - (၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊ (၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊ (၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။" "အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။" "အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား" "အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး" "ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား" "အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"