Pages

ဗုဒ္ဓအဆုံးအမ

မကောင်းမူရှောင်ကောင်းမူဆောင်
ဖြူအောင်စိတ်ကိုထား

Monday, 15 October 2012

ပရိတ်ကြီး ၁၁ သုတ် ပရိတ်ရွတ်ရန် အညွန်း

ပရိတ်ကြီး ၁၁ သုတ်

ပရိတ်ရွတ်ရန် အညွန်း

အလှူဒါနပြုသည့်အခါ၊ အိမ်တက်မင်္ဂလာပြုသည့်အခါ စသည့်အချိန်များတွင် မင်္ဂလသုတ် နှင့် မေတ္တသုတ်ကို ရွတ်ဆိုပါ။

ရောဂါဘယဖြစ်သည့်အခါ၊ မကျန်းမမာဖြစ်သည့်အခါ ကပ်ဆိုး ဥပဒ်ဆိုးဖြစ်သည့်အခါများတွင် ရတနသုတ်ကို ရွတ်ဆိုပါ။

နတ်၊ အစိမ်း၊ သရဲများ ခြောက်လှန့်သည့်အခါ ဘေးရန်များသည့်အခါများတွင် မေတ္တသုတ်ကို ရွတ်ဆိုပါ။

မြွေ၊ ကင်း၊ ခွေးရူးစသော အဆိပ်၇ှိသတ္တ၀ါများ ပေါများသည့်အခါများတွင် ခန္ဓသုတ်ကို ရွတ်ဆိုပါ။

မင်းဘေး စိုးဘေး ရာဇ၀တ်ဘေးများနှင့် ရင်ဆိုင်ရသည့်အခါများတွင် မောရသုတ်ကို ရွတ်ဆိုပါ။

မီးဘေးကာကွယ်ရန် ၀ဋသုတ်ကို ရွတ်ဆိုပါ။

စစ်မက်အန္တရာယ် လက်နက်အန္တရာယ်ကြုံရသည့်အခါများတွင် ဓဇဂ္ဂသုတ်ကို ရွတ်ဆိုပါ။

ဘီလူး သရဲသဘက်များ ၀င်ပူးနှိပ်စက်သည့်အခါများတွင် အာဋာနာဋိယသုတ်ကို ရွတ်ဆိုပါ။

မီးဖွားမှု အခက်အခဲကြုံသည့်အခါ မီးမဖွားနိုင်သည့်အခါများတွင် အဂုင်္လိမာလသုတ်ကို ရွတ်ဆိုပါ။

ရောဂါဝေဒနာ ပြင်းထန်သည့်အခါများတွင် ဗောဇ္ဈင်သုတ်ကို ရွတ်ဆိုပါ။

ကံဇာတာညံ့သည့်အခါ ကံကြမ္မာညှိုးသည့်ခါများတွင် ပုဗ္ဗဏှသုတ်ကို ရွတ်ဆိုပါ။

No comments:

Post a Comment

ဗုဒ္ဓအဆုံးအမကိုလိုက်နားကျင့်သုံးနိုင်ပါစေ.....