ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာပါဠိတော်
[ နမောတဿ ဘဂဝ တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ။]၃ကြိမ်ရွတ်ဆိုပါ။
ဓမ္မစကြာပါဠိ
ဓမ္မ စကြာ အမွှမ်း
(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ ၊
ဣသိပတန နာမကေ ၊
မိဂဒါယေ ဓမ္မဝရံ ၊
ယံ တံ နိဗ္ဗာန ပါပကံ ။
(ခ)သဟမ္ပတိ နာမကေန၊
မဟာဗြဟ္မေန ယာစိတော ၊
စတုသစ္စံ ပကာသေန္တော ၊
လောကနာထော အဒေသယိ ။
(ဂ)နန္ဒိတံ သဗ္ဗဒေဝေဟိ၊
သဗ္ဗသမ္ပတ္တိသာဓကံ ။
သဗ္ဗလောက ဟိတတ္ထာယ၊
ဓမ္မစက္ကံ ဘဏာမ ဟေ။
၁ - ဓမ္မစကြာ နိဒါန်း
ဧဝံမေသုတံ -
ဧကံ သမယံ ဘဂဝါ ဗာရာဏသီယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ ။
တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ -
၂ - အယုတ်တရား နှစ်ပါး
ဒွေ မေ ဘိက္ခဝေ အန္တာ
ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ကတမေ ဒွေ -
ယော စာယံ ကာမေသု ကာမသုခလ္လိ ကာနု ယောဂေါ
ဟီနော ဂါမ္မော ပေါထုဇ္ဇနိကော
အနရိယော အနတ္တ သံဟိတော၊
ယော စာယံ အတ္တကိလမထာ နုယောဂေါ
ဒုက္ခော အနရိယော အနတ္တသံဟိတော။
၃ - အလယ်အလတ် အကျင့်တရား
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ
အနုပဂမ္မ မဇ္ဈိမာပဋိပဒါ
တထာဂတေန အဘိသမ္ဗုဒ္ဓါ
စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အ ဘိညာယ
သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
ကတမာ စသာ ဘိက္ခဝေ
မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ
စက္ခုကရဏီ ဉာဏကရဏီ
ဥပသမာယ အဘိညာယ
သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ။
သေယျထိဒံ -သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ
သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ
သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ ဘိက္ခဝေ
မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ
စက္ခုကရဏီ ဉာဏကရဏီ
ဥပသမာယ အဘိညာယ
သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
၎ - ဒုက္ခ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ။
ဇာတိပိ ဒုက္ခာ ၊ ဇရာပိ ဒုက္ခာ ၊
ဗျာဓိပိဒုက္ခော ၊ မရဏံပိ ဒုက္ခံ ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ၊
ယမ္ပိစ္ဆံ န လဘတိ ၊ တမ္ပိ ဒုက္ခံ ၊
သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ ။
၅ - သမုဒယ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ ။
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ
နန္ဒီရာဂ သဟဂတာ တတြာတတြာ ဘိနန္ဒိနီ ။
သေယျထိဒံ -ကာမ တဏှာ ဘဝတဏှာ ဝိဘဝတဏှာ ။
၆ - နိရောဓသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ
ဒုက္ခနိရောဓံ အရိယသစ္စံ ။
ယော တဿာယေဝ တဏှာယ
အသေသ ဝိရာဂနိရောဓော စာဂေါ
ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော ။
၇ - မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ
ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ။
သေယျထိဒံ -သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ
သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ
သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
၈ - ဒုက္ခသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခံ အရိယသစ္စ " န္တိမေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၉ - ဒုက္ခသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ " န္တိမေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၀ - ဒုက္ခသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ " န္တိမေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၁ - သမုဒယသစ္စာ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခသမုဒယံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၂ - သမုဒယသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ " န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၃ - သမုဒယသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန " န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၄ - နိရောဓသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ " န္တိမေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၅ - နိရောဓသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာ တဗ္ဗ " န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၆ - နိရောဓသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ" န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၇ - မဂ္ဂသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၈ - မဂ္ဂသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ " န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၉ - မဂ္ဂသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ " န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊
ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၂၀ - ရှေးက ဘုရား ဖြစ်ကြောင်း ဝန်မခံခဲ့ပုံ
ယာဝကီဝဉ္စ မေ ဘိက္ခဝေ
ဣမေသု စတူသု အရိယသစ္စေသု
ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ
ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ
သမာရကေ သဗြဟ္မကေ
သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ
" အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ " တိ ပစ္စညာသိံ ။
၂၁ - ယခုမှ ဘုရား ဖြစ်ကြောင်းဝန်ခံပုံ
ယတော စ ခေါ မေ ဘိက္ခဝေ
ဣမေသု စတူသု အရိယသစ္စေသု
ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ
ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ ။
အထာဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ၊
သမာရကေ သဗြဟ္မကေ
သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ
" အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ " တိ ပစ္စညာသိံ ။
၂၂ - ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ
" အကုပ္ပါ မေ ဝိမုတ္တိ ၊
အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘ ဝေါ " တိ။
၂၃ - ပဉ္စဝဂ္ဂီ ရဟန်းတို့ တရားကို နှစ်သက်ကြပုံ
ဣဒမဝေါစ ဘဂဝါ ။
အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ
ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
၂၄ - အရှင်ကောဏ္ဍည သောတာပန် ဖြစ်ပုံ
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘည မာနေ
အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ
" ယံ ကိဉ္စိ သမုဒယဓမ္မံ ၊ သဗ္ဗံတံ နိရောဓ ဓမ္မ " န္တိ ။
၂၅ - နတ်၊ ဗြဟ္မာ တို့ ကောင်းချီးပေးပုံ
ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ
ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံသုတွာ
စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒ မနုဿာ ဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယ
ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
စာတုမဟာ ရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ
တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ
ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ
တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ
နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ
ဗြဟ္မ့ကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ
" ဧတံ ဘဂဝတာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ
ဒေဝေန ဝါ မာရန ဝါ
ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ " တိ ။
ဣတိဟ တေန ခဏေန တေန လယေန
တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ ။
၂၆ - တစ်သောင်းသော လောကဓာတ် တုန်လှုပ်ပုံ
အယဉ္စ ဒသသဟဿိ လောကဓာတု
သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ ။
၂၇ - အရောင်အလင်း ဖြစ်ပေါ်လာပုံ
အပ္ပမာဏော စ ဥဠာရော ဩဘာသော
လောကေ ပါတု ရဟောသိ
အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ ။
၂၈ - မြတ်စွာဘုရား ဥဒါန်းကျူးပုံ
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ
" အညာသိ ဝတ ဘော ကောဏ္ဍညော ၊
အညာသိ ဝတဘော ကောဏ္ဍညော " တိ ။
ဣတိဟိဒံ အာယသ္မတော ကောဏ္ဍညဿ
အညာသိ ကောဏ္ဍညောတွေဝ နာမံ အဟောသိ ။
၂၉ - အညာသိကောဏ္ဍည ရှင်ရဟန်းအဖြစ် တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော
ဒိဋ္ဌဓမ္မော ပတ္တဓမ္မော
ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော
တိဏ္ဏ ဝိစိကိစ္ဆော
ဝိဂတကထံကထော
ဝေသာရဇ္ဇပ္ပတ္တော
အပရပ္ပစ္စယော သတ္ထုသာသနေ
ဘဂဝန္တံ ဧတဒဝေါစ
" လဘေယျာဟံဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ ၊
လဘေယျံ ဥပသမ္ပဒ " န္တိ ။
၃၀ - ဧဟိ ဘိက္ခုရဟန်း အဖြစ်ရပုံ
၁။ " ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ ၊
သွာက္ခာတော ဓမ္မော ၊ စရ ဗြဟ္မစရိယံ
သမ္မာဒုက္ခဿ အန္တကိရိယာ ယာတိ ။
၂။ သာဝ တဿ အာယသ္မတော
ဥပသမ္ပဒါ အဟောသီတိ ။
ဓမ္မစက္ကပ္ပဝတ္တန သုတ္တံ နိဋ္ဌိတံ ။
ဓမ္မစက္ကပ္ပဝတ္တနသုတ် မြန်မာပြန်
၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏-
၂။ ရဟန်းတို့ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း -
1. ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏အလေ့အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စား အားထုတ်ခြင်း လည်းကောင်း၊
2. ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်း လည်းကောင်း
ဤနှစ်ပါးတို့တည်း။
၃။ ရဟန်းတို့ ဤအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သောပညာမျက်စိကို ပြုတတ်သော၊ ဉာဏ်အမြင်ကို ပြုတတ်သော၊ အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကိုသိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ် အမြင်ကို ပြုတတ်သော၊ ကိလေသာ ငြိမ်းခြင်းငှါ၊ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ၊ သစ္စာလေးပါးကို သိခြင်းငှါ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ် ဖြစ်သော မြတ်သော အကျင့်ကား အဘယ်နည်း၊
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း -
1. မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'၊ (တနည်း) ကောင်းစွာ မြင်ခြင်း
2. မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊ (တနည်း) ကောင်းစွာ ကြံခြင်း
3. မှန်ကန်သော စကား'သမ္မာဝါစာ'၊ (တနည်း) ကောင်းစွာ ပြောဆိုခြင်း
4. မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ'၊ (တနည်း) ကောင်းစွာ ပြုလုပ်ခြင်း
5. မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ (တနည်း) ကောင်းစွာ အသက်မွေးခြင်း
6. မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ (တနည်း) ကောင်းစွာ အားထုတ်ခြင်း
7. မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ (တနည်း) ကောင်းစွာ အောက်မေ့ခြင်း
8. မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'၊ (တနည်း) ကောင်းစွာ တည်ကြည်ခြင်း တို့တည်း။
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ်အမြင်ကို ပြုတတ်သော၊ အလယ်အလတ်ဖြစ်သော၊ ဤမြတ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။
၎။ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။
ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊
အိုရခြင်းသည်လည်း ဆင်းရဲ၏၊
နာရခြင်းသည် လည်း ဆင်းရဲ၏၊
သေရခြင်းသည်လည်း ဆင်းရဲ၏၊
မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊
ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊
လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊
အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။
၅။ ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင် တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု 'တဏှာ' ဟူသည် အဘယ်နည်း၊
* ကာမ၌ တပ်မက်မှု 'ကာမတဏှာ'၊
* သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု 'ဘဝတဏှာ'၊
* ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု 'ဝိဘဝတဏှာ' တို့တည်း။
၆။ ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု 'တဏှာ' ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏။
၇။ ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသော်ကား
1. မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'၊ (တနည်း) ကောင်းစွာ မြင်ခြင်း
2. မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊ (တနည်း) ကောင်းစွာ ကြံခြင်း
3. မှန်ကန်သော စကား'သမ္မာဝါစာ'၊ (တနည်း) ကောင်းစွာ ပြောဆိုခြင်း
4. မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ'၊ (တနည်း) ကောင်းစွာ ပြုလုပ်ခြင်း
5. မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ (တနည်း) ကောင်းစွာ အသက်မွေးခြင်း
6. မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ (တနည်း) ကောင်းစွာ အားထုတ်ခြင်း
7. မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ (တနည်း) ကောင်းစွာ အောက်မေ့ခြင်း
8. မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'၊ (တနည်း) ကောင်းစွာ တည်ကြည်ခြင်း တို့တည်း။
၈။ ရဟန်းတို့ ''ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၉။ ရဟန်းတို့ ''ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌)
ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၀။ ရဟန်းတို့ ''ထိုဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ'' ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူး ကုန်သော (ဒုက္ခသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။
၁၁။ ရဟန်းတို့ ''ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ'သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၂။ ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်အပ်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌)
ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၃။ ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်ပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၄။ ရဟန်းတို့ ''ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။
၁၅။ ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက် ပြုအပ်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌)
ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၆။ ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၇။ ရဟန်းတို့ ''ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
၁၈။ ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများအပ်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူး ကုန်သော မဂ္ဂသစ္စာ တရားတို့၌)
ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏၊
၁၉။ ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌
ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၄)
၂၀။ ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ် သေးသမျှ ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။
၂၁။ ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏၊
၂၂။ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏။
၂၃။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါး ရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်၏။
၂၄။ ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် အသျှင်ကောဏ္ဍညအား ''ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏'' ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်လာ၏။
၂၅။ ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်ရှိသော် ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏'' ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူ၏'' ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ယာမာနတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
တုသိတာနတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
နိမ္မာနရတီနတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ပရနိမ္မိတဝသဝတ္တီနတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏'' ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
၂၆။ ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌဗြဟ္မာ့ပြည် တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍ တက်၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊
၂၇။ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။
၂၈။ ထိုအခါ မြတ်စွာဘုရားသည် ''ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤဥဒါန်းကို ကျူးရင့်တော်မူသောကြောင့်သာလျှင် အသျှင်ကောဏ္ဍညအား 'အညာသိ ကောဏ္ဍည' ဟူ၍သာ အမည်တွင်၏။
၂၉။ ထို သောတာပန် ဖြစ်ပြီးသောအခါ၌ ရှည်သော အသက်တော်ရှိသော အရှင် အညာသိ ကောဏ္ဍညသည်
* ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
* ကိုယ်တိုင် ဆိုက်ရောက်အပ်ပြီးသော တရားရှိသည်ဖြစ်၍
* ကိုယ်တိုင် သိအပ်ပြီးသော တရားရှိသည်ဖြစ်၍
* ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
* ယုံမှားခြင်း၏ တဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီးသည် ဖြစ်၍
* သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည်ဖြစ်၍
* ကြောက်ရွံ့မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍
မြတ်စွာဘုရား၏ သာသနာတော်အတွင်း၌ သိမြင်ပြီးသော ဉာဏ် အစွမ်းအားဖြင့် သူတပါးတို့အား ယုံကြည်အားထားခြင်းမရှိလေသောကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့သော စကားကိုလျှောက်ထားတောင်းပန်လေ၏။
“အရှင်ဘုရား – တပည့်တော်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါသည်ဘုရား။ ပဉ္ဇင်းအဖြစ်ကိုရလိုပါသည်ဘုရား။” ဤသို့ လျှောက်ထား တောင်းပန်လေ၏။
၃၀။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။
“အို ရဟန်း လာလော့ ငါဘုရားသည် တရားတော်မြတ်ကို ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ သံသရာ ၀ဋ်ဆင်းရဲ၏ အဆုံးတိုင်အောင် ပြုခြင်းငှာ ကောင်းစွာ မြတ်သော မဂ်အကျင့်ကို ကျင့်လေလော့”
ဤသို့ မိန့်တော်မူ၏။ ရှည်သော အသက်တော်ရှိသော ထို အရှင် ကောဏ္ဍညအား ထို ဧဟိဘိက္ခု -ပဉ္ဇင်း အဖြစ်သည်သာလျှင် ဖြစ်လေသတည်း။
ဓမ္မစကြာသုတ် ဓမ္မစက္ကပ္ပ၀တ္တန သုတ်သည် ပြီးပြီ။
No comments:
Post a Comment
ဗုဒ္ဓအဆုံးအမကိုလိုက်နားကျင့်သုံးနိုင်ပါစေ.....